Thursday, 21 August 2008


အချစ်ဆိုတာမှာ
လက်မထပ်နိုင်ကြေးသာ
သစ္စာပျက်ကြေး
ကတိပျက်ကြေးလားကွာ..
လုပ်ခဲ့သမျှကို တောင်းပန်ပါတယ်ပြောပြီး
နောင်ဘယ်တော့မှ ကိုကြီးစိတ်မညစ်အောင်
မလုပ်တော့ပါဘူး ပြောပြီး ကွယ်ရာမှာ
လုပ်နေတတ်တဲ့ မင်းရဲ့ အကျင့်က မွေးရာပါတော့မဟုတ်ခဲ့..
ကိုကြီးတစ်ယောက်ထဲကို အမြဲချစ်တော့မှာပါလို့
ပြောခဲ့တဲ့ စကားလုံးတွေအောက်မှာ
ငါရဲ့မာနတွေ ဒူးထောက်လို့ ပြိုလဲခဲ့ရပြီ ချစ်သူ...
မင်းကိုဘယ်လောက်မှ မျှော်လင့်ချက်မထားခဲ့
တောင်းဆိုမှုတွေ မရှိချင်ပါဘူးပြောပြော
ငါ့ရင်ထဲမှာတော့ မျှော်လင့်ချက် အလင်းရောင်နဲ့
တောင်းဆိုခွင့်ရှိမယ်ဆိုရင် မင်းအပေါ်မှာ
ထာဝရ ချစ်နေခွင့်လေးတော့ ပေးပါ ချစ်သူရယ်..
ငါဘ၀ရဲ့ နိဗ္ဗာန်ဘုံလေးတစ်ခု
အရောင်တွေ ပျက်ပြယ်သွားခဲ့တာ ကြာပါပြီ...
မျှော်လင့်ချက်အလင်းရောင်လည်း ပျောက်ဆုံးခဲ့လေရဲ့..
ငါ့ရင်ထဲက ဝေဒနာက စကားလုံးတွေကို
ဝါးမြိုသွားခဲ့လေရဲ့.....
သက်ဝင်မှုမရှိတော့တဲ့
ငါ့ရယ်သံတွေ အပြုံးတုတွေနဲ့
မင်းကို ဆက်ဆံနေခဲ့မိတာ မင်းမသိခဲ့ဘူးနော်....
ငါ့ရင်ထဲက ငိုရှိုက်သံတွေကို မင်းမကြားခဲ့လေရဲ့.....
ကတိတွေ ပျက်ခဲ့သူကို ချစ်ခွင့်ပြန်တောင်းခိုင်းရလောက်အောင်
ငါ့မှာ ဘာအပြစ်တွေရှိခဲ့လို့လဲ ချစ်သူ..
အမှတ်မရှိတဲ့ ငါ့နှလုံးသားက
ချစ်နေရရုံနဲ့ ကျေနပ်နေသူကိုမှ
မင်းစိတ်ကြိုက် စေလိုရာညွန်ပါလေ သခင်....
ရဲသံစဉ် ( မြန်အောင် )



အိပ်မပျော်သူရဲ့အနားသတ်မှာ
အကြွင်းမဲ့ ပုစ္စာတစ်ပုဒ်နဲ့
ဖောင်တိန်လေးတစ်ချောင်း
ငိုနေခဲ့ဖူးတယ် ချစ်သူ...
နှောင်းရိပ်က လအငိုက်မှာ
ခိုးနမ်းခဲ့ဖူးတဲ့ ပါးပြင်လေး
တုန်ယင်ချည်နဲ့စွာလေ
ပြာလဲ့လဲ့ ကမ်းပြင်မှာ
တိတ်တခိုးနမ်းခဲ့ဖူးတဲ့
ကောင်မလေးတစ်ယောက်
ဘယ်သူကိုမှမပြောချင်တဲ့အရာတွေ
ချည်ထုံးရင်း ဆွေးမြေ့ကြေကွဲစွာနဲ့
ညများ....နေ့များ ..အချိန်များစွာ
ကိုက်စားနေရပြန်တယ်...
ဘယ်တော့မှမှန်းမသိတဲ့
နင့်ရဲ့ မေတ္တာရေကြည်တစ်စက်
ငါ့ရင်ကို ဖန်ဆင်းပေးမှာလဲ..ချစ်သူ
ရဲသံစဉ် ( မြန်အောင် )


♥♥♥စမ်းချောင်းဘေးနား ထိုင်ငေးနေစဉ်

ရီဝေတဲ့ညနေခင်း ပေးခဲ့သတိသစ္စာတွေ
ကိုကြီးကို .............
♥♥ သြော်..... မတည်မြဲတဲ့လောက
ကြယ်ကြွေရင်တောင် ငိုတတ်တဲ့ကောင်မလေး
ကိုကြီးကိုထာ၀၇ချစ်နေမှာပါတဲ့
ထားလိုက်တဲ့ရည်းစား
ငါ့အပြင်နောက်ထပ် ၃ ယောက်မက
မေးတော့ထပ်ပြောပါရဲ့..
ကိုကြီးက အချစ်ဦးပါတဲ့ နောက်ဆုံးချစ်သူကတော့ ??????????
♥♥♥မီးနဲ့ဝေးတော့ ချိတ်မာတယ်..
အများကပြော.....မင်းကနွားတဲ့
ဖြစ်ရင်တော့ ကောင်းပါရဲ့
ကောက်ရိုးပုံစောင့်သက်သာသေး
အခုတော့ မစားရပဲ အရူးမီးဝိုင်း
ဟောင်နေရတဲ့ သစ္စာရှိခွေးတစ်ကောင်
ဘ၀မျိုးကိုဘယ်သူက .........ရိုင်းလိုက်တဲ့ ဥပမာ..
အရင်ကပေးခဲ့တဲ့ ဥပမာ ..ဘာတဲ့ ..ဥယျာဉ်မှုး တဲ့လား
သံယောဇဉ်ကြိုးဝိုင်းထဲမှာ အလူးအလဲ ခံနေရတဲ့ဘဝ
ဟော်ဂနီအလွမ်းနဲ့ ကြူးရင့်နေတဲ့တုန်း
နတ်ဆိုးတစ်ကောင်ရဲ့
ဟောက်သံတွေနဲ့ ငါ့ရင်ခွင်ထဲမှာ အိပ်စက်သွားခဲ့တယ်



၅.၃.၂၀၀၈ နေ့ရက်လေးမှာ
တယုတယ ပျိုးခဲ့တဲ့ ဟော်ဂနီပန်းပွင့်လေး
ချစ်သူ ( ၂ ) ယောက်ခြံရံပြီး
ဥယျာဉ်မှူးဆီ ပြန်လာခဲ့စဉ်
မဲနယ်ရောင်ပင်လယ်က
စေတန်အပြုံးတစ်ခုနဲ့
ငါ့ရင်ကို ကမ်းအမှတ်တိုတ်စားလို့နေလေရဲ့
ဥသြဌက်ကလေးရဲ့ စိုလက်မျက်ဝန်း
အရောင်အဆင်းမဲ့စွာပါဝင်နေလေရဲ့
တိမ်ယောင်တွေဖန်ဆင်းပြီး
ငါ့ရင်ကို မိုးကြိုးတွေပစ်ချ
ဦးတည်ချက်မဲ့စွာ လွင့်မျောလို့
မီးလျှံမျှင်တန်းလို ငြိမ်းသတ်မရတဲ့
ငါ့ရဲ့ ငိုက်မြည်းမှုတွေထဲမှာ
စစ်ရှုံးတဲ့တိုင်းပြည်ဘ၀လို
အုပ်ချူပ်သူမယ့်နေချိန်တွေ
နင် ဘုရင်မလာမလုပ်ပါနဲ့..
ငါအတွက် မိဖုရားပဲလိုချင်တယ်..
မုန်တိုင်းညများစွာထဲက ကြယ်ကြွေခဲ့တဲ့ည
လောကဓံကို နောက်ဆုံးထွက်သက်နဲ့ ကြိုနေတုန်း
မာယာမဲ့ပြုံးလေးနဲ့ လှမ်းဝင်လာတဲ့
နင်ရဲ့ခြေလှမ်းတွေအောက်မှာ ငါ့မာနတွေ
အပြိုင်းအရိုင်း လွင့်ကြဲနေလေရဲ့
လေထန်ကုန်းလို့ အမည်ပေးခဲ့တဲ့ညတွေ
နှောင်းအတိတ်က ချယ်ရီတစ်လျှောက်
ငါအတွေးတွေ မောင်းနှင်ခဲ့စဉ်က
တိတ်တခိုးချစ်နေခဲ့ရတဲ့ ညီမလေးတစ်ယောက်ကို
ခေါင်းစဉ်ပေါင်းများစွာနဲ့ ရင်ခုန်ခဲ့ဖူးတယ်..
တကယ်လက်တွေ့မှာတော့
အတွေးပုံရိပ် နဲ့ လက်တွေဘဝ
ပြန်လည်ဆုံတွေစဉ် အချိန်ကာလ
ဒီအကြောင်းတွေ ပြောပြမိခဲ့ရင်
ပဒုမ္မာနှုတ်ခမ်းလွှာ နဲ့ တမာမျက်ဝန်းတွေကို
ငါ့...ရင်ဆိုင်မိလိုက်ရတော့
ရင်ခွင်တစ်ခုလုံး မင်နီတွေ ရဲ..ရဲ..လို့ပေါ့ကွယ်..
ရဲသံစဉ်(မြန်အောင်)

0 comments: